စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ (၂၀.၇.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့် မားစေရန်ရည်ရွယ်၍ (၉/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက် ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက အထက်ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းတိုင်း သိရှိနားလည်စေရန်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စက်များနှင့် ဆန်စက်လုပ်သားများ၏ Hygiene ပိုင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆန်စက်များနှင့် ဆန်စက်လုပ်သားများ ၏ Hygieneပိုင်းဆိုင်ရာများကို မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးမည်ဖြစ်ပြီး ရွှေဘိုခရိုင်အနေဖြင့် စစ်ဆေးရမည့်ဆန်စက်(၄)စက်နှင့် သိုလှောင်ရုံ(၃)လုံးရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)