Main menu

ရွှေဘိုမြို့ စက်မှုဇုန်ရှိ စက်ရုံနှစ်ခုတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၂၂.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရွှေဘိုမြို့ စက်မှုဇုန်ရှိ သိင်္ဂီဆန်စက်နှင့် (၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့စက်မှုဇုန်ရှိ BT ဆန်စက်တို့တွင် ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအကြောင်း၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာ စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်၊ ဆန်ကွဲ တင်ပို့မည့်ဆန်စက်များနှင့် ဆန်စက်လုပ်သားများ၏ Hygiene ပိုင်းဆိုင်ရာ သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း အဆိုပါဟောပြောပွဲများသို့ ဆန်စက်မှလုပ်သားများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)