စားသုံးသူရေးရာဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၆.၇.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ကြယ်စင်လင်း သွားဆေးခန်းရှေ့လမ်းကြားရှိ အ.မ.က(၁၅)ကျောင်း၌ ကျောင်းသား/သူများအား စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများကို အစားအသောက်နှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောရာတွင် FDA က ဆိုးဆေးအရောင်အများအပြားပါရှိသော အချိုရည်များ ၊ အသားတုများ၊ အသားချောင်းများနှင့် အေးခဲအစားအစာများကို မစားသင့်ကြောင်းနှင့် အရောင်ဆိုးဆေးများနှင့်ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးများအကြောင်းကိုလည်း ရှင်းပြကာ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ကြရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ကျောင်းသား/သူများကို စားသုံးသူများ၏ အခွင့်အရေး များ(၈)ချက်ကို သာဓကများနှင့်တကွ သိရှိမြင်သာအောင် ရှင်းပြခဲ့ပါကြောင်း၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ကျောင်းသား/သူများကို ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူနစ်နာမှုများနှင့် ပတ်သက်၍ တိုင်ကြားရန်နည်းလမ်းများကို ရှင်းပြပြီး ဌာန၏လုပ်ဆောင်ချက် Website ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့အပြင် ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိမရှိအား စစ်ဆေးခဲ့ကာ ထိုအခမ်းအနားတွင် ကျောင်းသား/သူ ၆၂ ဦးနှင့် ဆရာ/မ ၆ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)