ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာတာဝန်ခံ ဦးကျော်ဆန်းဝင်း (ဦးစီးမှူး)သည် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် (ဦးစီးအရာရှိ)နှင့် ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း ( ဒု-ကြီးကြပ်ရေးမှူး) တို့နှင့် ပူးပေါင်း၍ ၂၁.၇.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) မှ (၁၀:၃၀) နာရီထိ ပဲခူးမြို့၊ အမှတ် (၂) ကျောင်းခန်းမ၌ ဦးကျော်ဆန်းဝင်း ( ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များကိုလည်းကောင်း ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် ပုံစံများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂)မှ ဆရာ၊ ဆရာမများနှင့် Grade 10 မှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးတက်ရောက်ပြီး တက်ရောက်သူများကို စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)