ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်တတိယပတ်ကာလတွင် စားအုန်းဆီတစ်ပိဿာလျှင် ၆၇၀၀-၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်တတိယပတ်ကာလတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ ကျပ်ထိ ဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ပဲခူးတိုင်းဒေသကြီးသို့ ဈေးကားဖြင့် ခွဲဝေသတ်မှတ်ပေးသည့် စားအုန်းဆီများကို လည်းကောင်း ၊ စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးသည့် စားအုန်းဆီများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ၊ရပ်ကွက်ကျေးရွာများ၊ ဈေးများတွင် သတ်မှတ်ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)