Main menu

မွေးမြူရေးအစာများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

     ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးတွင် စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက် အရောင်းဆိုင်များ ဖွင့်လှစ်၍  ဆန်၊ ဆီ၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်များ နေ့စဉ်ရောင်းချပေးလျက်ရှိသဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးတွင် နေ့စဉ်သက်သာသောနှုန်းထားဖြင့် မွေးမြူရေးထုတ်ကုန် ဖြစ်သည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများကို တိုက်ရိုက်ရောင်းချပေးလျက်ရှိသည့် ကိုယ်တိုင်မွေးမြူ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအား မွေးမြူရေးအစာများကို အဆင့်ဆင့်ဝယ်ယူခြင်းမှ သက်သာသောနှုန်းထားဖြင့် တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးအတွက် ၂၀.၇.၂၀၂၃ရက်နေ့ ၊  နေ့လယ် (၁၄ : ၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ မွေးမြူရေးအစာ ထုတ်လုပ်သည့် ကုမ္ပဏီများ၊ မွေးမြူ‌ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်၍ ပဲခူးတိုင်း‌ဒေသကြီးရှိ မွေးမြူရေးလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော မွေးမြူရေးအစာများကို မွေးမြူရေး အစာစပ်စက်ရုံများမှလည်းကောင်း၊ ဆန်စက်များမှ ထုတ်လုပ်သည့်ဆန်ကွဲ၊ ဖွဲနုများကိုလည်းကောင်း ၊ အဆင့်ဆင့်ဝယ်ယူခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက်စက်ရုံထုတ်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူ အသုံးပြုနိုင်ရေး  ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)