Main menu

ပဲခူးမြို့ အမှတ် (၃) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြော

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊  ခရိုင်ဦးစီးမှူး ဦးစိုးမိုး(ဦး/ရှိ) ၊ ဒုခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် (ဦး/ရှိ) ၊ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၄.၇.၂၀၂၃ ရက်နေ့ ၊ နံနက် ၁၀:၀၀နာရီ အချိန်တွင် ပဲခူးမြို့အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးတန်းများအား အစားအသောက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းတို့အား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာ ပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် ‌‌ရှေ့ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာ ကြည်မှ အဖွင့်မိန့်ခွန်းအမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းမှ ကျောင်းသား/သူကလေးများအား စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအား အကျယ်တဝင့် ပြောကြားခဲ့ကာ  မိမိတို့အနေဖြင့် စားသုံးသူအခွင့်အရေးများ မဆုံးရှုံးရ လေအောင် စားသုံးသူရေးရာဦးစီးဌာန CICCသို့ တိုင်ကြားနိုင်ပါကြောင်းကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၃) မှ ဆရာ၊ ဆရာမများနှင့် Grade 10 မှ ကျောင်းသား၊  ကျောင်းသူ (၂၅၀) ဦးတက်ရောက်ပြီး တက်‌ရောက်သူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)