
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများကို နိုင်ငံတော်ပိုင် စက်ရုံများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျော်စွာ အမှတ်(၃) ဓါတ်မြေဩဇာစက်ရုံ၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ မြောင်းတကာ အမှတ်(၄) ဓါတ်မြေဩဇာစက်ရုံနှင့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံတို့မှ ထုတ်လုပ်သည့် အရည်အသွေးကောင်းမွန်သော ဓါတ်မြေဩဇာများကို တစ်အိတ်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၃-၂၀၂၄ မိုးစပါး ရာသီအမှီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မိုးစပါး စိုက်ပျိုးသည့် (၆၄၃၄၈) ဧက အတွက် မြေဩဇာ (၄၉၇၆၀) အိတ်ကို ရောင်းချဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းနှင့် မြေပဲ အပါအဝင် ဝါသီးနှံစိုက် တောင်သူများကိုလည်း စိုက်ပျိုးရာသီအမီ ရောင်းချဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးခဲ့သည့် မိုးစပါး၊ နွေစပါး၊ နေကြာနှင့် ချည်မျှင်ရှည် ဝါစိုက်ဧက (၄၉၅၅၅၅) ဧကအတွက် ဓါတ်မြေဩဇာ (၂၃၄၇၈၀) အိတ် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)