Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၀/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၆.၇.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၀/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းခေါင်းစဉ်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်၊ စစ်ဆေးရေးအရာရှိ၏အခန်ကဏ္ဍ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း‌)