Main menu

ဈေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းကြပ်မတ်

Powered by Drupal

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၂၅.၇.၂၀၂၃ ရက်နေ့တွင် ဦးမျိုးနိုင်ဦး (ဘေလီထိပ်) ဆီဆိုင်၊ အမှတ် (297) သံသုမာလမ်း၊ (5)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဆီဆိုင်သို့ ဈေးကွက် ကွင်းဆင်းစီစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(ရန်ကုန်)