Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည် မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲနှင့် စာပေစကားဝိုင်း ကျင်းပပြုလုပ်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၇.၇..၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်း ( ၄၃   ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲကို တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  သတင်း/ ဆောင်းပါးရေးသားသူများအား အပတ်စဉ် (၃) လတစ်ကြိမ် ဆုချီးမြှင့်ပေးခဲ့ရာ အကြီးတန်းဆုကို တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်တင်မာဝေ(ဦးစီးမှူး)က ပထမဆု၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှင်းနှင်းခိုင်(ဦးစီးအရာရှိ)က ဒုတိယဆု၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းတင်                         ( ဦးစီးအရာရှိ )က တတိယဆု၊ အငယ်တန်းဆုကို မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ထက်ထက်ဝင်း (အကြီးတန်းစာရေး)က ပထမဆု၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝေဝေအောင်(အကြီးတန်း စာရေး)က ဒုတိယဆု၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီနီမြင့် (အကြီးတန်းစာရေး)က တတိယဆုရရှိခဲ့ပြီး တိုင်းဒေသကြီး ဦးစီးမှူးက ဆုရရှိသူများကို  ဆုချီးမြှင့်ငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး မုံရွာခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ  ဒေါ်ဇင်မာနွယ်(ဒု- စီးမှူး) က “အောင်မြင်သော ဟောပြောပွဲတစ်ခုဖြစ်မြောက်စေရေန် ဆောင်ရွက်သင့်သည့် နည်းလမ်းများ’’အကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)