Main menu

ရွှေဘိုခရိုင်၏ (၇/၂၀၂၃)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၇/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက်၊ ရူပကလျာလမ်းကြားရှိ စားသုံးဆီရောင်းချသည့်ဆိုင်သို့လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ဆီနှင့် ကုန်မျိုးစုံအရောင်းဆိုင်သို့လည်းကောင်း၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ် တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်ရှိ ဆန်၊ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ရွှေဘိုမြို့ပေါ်ရှိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၉)ဆိုင်ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)