စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း(၄)ကြိမ် ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်သော ဝန်ထမ်း(၂)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ မင်းရပ်ရှိ ဆီစက်လုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ဆီစက်လုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်အားလည်းကောင်း၊ ခရိုင်ဦးစီးမှူးမှဦးဆောင်၍ အမှတ်(၁)ရပ်ကွက်၊ ကန်တော်လမ်းရှိ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)