Main menu

ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံး၏ ဇူလိုင်လအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့် စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက် လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူအသိပညာပေး ဟောပြောပွဲများကို (၇.၇.၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် အလုပ်သမားများ (၁၁)ဦးကိုလည်းကောင်း၊ (၁၃.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၁၇၀)ဦးကိုလည်းကောင်း စုစုပေါင်း စားသုံးသူပြည်သူ(၁၈၁)ဦးတို့ကို စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ၊ အသိပညာဗဟုသုတများကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည့် ဌာန၏ Website ၊ Facebook Page နှင့် Consumer Call Center No.1535 စသည်တို့ကို ဝင်ရောက်ကြည့်ရှု့၊ ခေါ်ဆို၍လေ့လာနိုင်ကြောင်းနှင့်  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)