Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 တိုင်းဦးစီးမှူးမှ ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ၊ တွေ့ကြုံရသော လုပ်ငန်းအခက်အခဲများ ၊ အားသာချက် ၊ အားနည်းချက်များ တင်ပြလာမှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲမှူးများမှလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

  ဆက်လက်၍ တက်ရောက်လာသော ဦးစီးမှူးများနှင့် သက်ဆိုင်ရာခရိုင်မှူးများမှလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်း ဆိုင်ရာအခက်အခဲများ ၊ တင်ပြလာမှုအပေါ် တိုင်းဦးစီးမှူး နှင့် ဌာနခွဲတာဝန်ခံများမှ ရှင်းလင်း ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)