Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနခွဲ တာဝန်ခံဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်ဖြူဖြူလတ် တို့သည် ရုံးချုပ် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ်(၅၂) နေပြည်တော်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲများနှင့် ပတ်သက်သည့် Virtural စနစ်ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့ တက်ရောက်လာခဲ့ပါသည်၊၊

      အစည်းအဝေးတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ဌာနခွဲများနှင့်ပတ်သက်သည့် လုပ်ငန်းများဆိုင်ရာများ ရှင်းလင်းဆွေးနွေး၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ရုံးချုပ် စားသုံးသူရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးထိုက်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဝင်းတို့မှ လုပ်ငန်များဆိုင်ရာ လိုအပ်ချက်များ ရှင်းလင်းဆေးနွေးခဲ့ပြီး တိုင်းနှင့်ပြည်နယ်များမှ သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)