Main menu

ဧရာဝတီတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲ ပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းများ အထက်အောက် အပြန်အလှန်လေးစားမှုရရှိစေရေး လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်နှင့် ဝန်ထမ်းအချင်းချင်းချစ်ခင်ရင်းနှီးစွာ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးအောင် ၊ ဒုတိုင်းဦးစီးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၂၈) ရက်နေ့၊ နေ့လယ်စာကို တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ပါသည်။

      ဝန်ထမ်းမိတ်ဆုံစားပွဲတွင် တိုင်းဦးစီးမှူး ဦးစိုးအောင်က သီးစုံပဲဟင်း ၊ ငါးခြောက်ကြော်ဖြင့် ကျွေးမွေးခဲ့ပြီး ဝန်ထမ်းများမှလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာသော ကြက်သား ၊ ဝက်သား၊ ပဲဟင်း၊ ငါးဟင်း ၊ ငါးပိကြော် ၊ ချဉ်ရည်ဟင်း ၊ ဂေါ်ဖီကြော်နှင့်  ငါးပိထောင်း စသည့် ဟင်းလျာများကို အပြန်အလှန် လဲလှယ်၍ တစ်ပျော်တစ်ပါး လက်ရည်တစ်ပြင်တည်း ပျော်ရွှင်စွာ စားသောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)