ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးပြုလုပ်ရာ တိုင်းဦးစီးမှူးဦးစိုးအောင်က အဖွင့်အမှာစကားပြောကြား၍ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များကို ပြောကြားခဲ့ပြီး ဒုတိုင်းဦးစီးမှူး ဦးစိုးဦးမှလည်း ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် အားသာချက်၊အားနည်းချက်များ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ရုံးတွင်းရုံးပြင် သန့်ရှင်းရေးကိစ္စရပ်များ ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သင်တန်းသားကိစ္စရပ်များ သက်ဆိုင်ရာဌာခွဲအလိုက် ဆောင်ရွက်ရသည့် လုပ်ငန်းများစနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနခွဲများမှလည်း ဌာနတစ်ခုချင်းအလိုက် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု ၊ ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများနှင့် ဆောင်ရွက်နေသောလုပ်ငန်း များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)