Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇-၇-၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) နံနက် (၀၉၀၀)အချိန်တွင် ပြုလုပ်ခဲ့သည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာ ပေးသိကောင်းစရာများနှင့် အပင်ပိုးမွှား(Bio Hazard) ဓါတုဓါတ်ကြွင်းများကို ကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်ဟန်စုယဉ်ညွန့်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့ပြီး သိရှိလိုသည်များအား အပြန်အလည်  ဆွေးနွေးပြောကြားခဲ့ပါသည်။

   တက်ရောက်လာကြသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၈၅)ဦးတက်ရာက်ခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)