Main menu

တောင်ငူခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ငူခရိုင်အတွင်း ရောင်းချနေသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့်အညီ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ ဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့သည် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းနွယ်နှင့်အတူ ရေတာရှည်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ၌ Coca-Cola Pinya Beverages Myanmar ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ တရားမဝင် Sprite အချိုရည်များ ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     တောင်ငူခရိုင်အတွင်း ကုန်စုံဆိုင်ကြီးများ၌ Coca-Cola Pinya Beverages Myanmar ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ Sprite အချိုရည်များ ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ အုတ်တွင်းမြို့၌လည်းကောင်း၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ ဦးဆောင်၍ တောင်ငူမြို့၌လည်းကောင်း၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးဦးဆောင်၍ ဖြူးမြို့၌လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

    ဇူလိုင်လအတွင်း Coca-Cola Pinya Beverages Myanmar ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ တရားမဝင် Sprite အချိုရည်များ ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြား ချက်နှင့်အညီ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာ‌ကော်မတီ၏ စီမံချက်ဖြင့် အသင့်စားခေါက်ဆွဲများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂၇) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)