Main menu

တောင်ငူခရိုင်ဦးစီးမှူး အုတ်တွင်းမြို့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တို့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စုနှင့် ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုရှိ ဆန်စက်ကြီးများသို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ခရိုင်ဦးစီးမှူးသည် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ဆန်စပါးသိုလှောင်ခွင့် လိုင်စင်လျှောက်ထားရမည့် ကိစ္စများကိုလည်ကောင်း၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စပါးခွံဓါတ်ငွေ့လောင်စာသုံး လျှပ်စစ် ဓါတ်အားပေးစက် Gasifier Power Plant များ တပ်ဆင်အသုံး ပြုသင့်သည့်ကိစ္စများကိုလည်းကောင်း ဆွေးနွေးခဲ့ပါသည်။

      ခရိုင်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်း အုတ်တွင်းမြို့၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)