Main menu

တရားမဝင်ဆေးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အနေဖြင့် ဆေးဆိုင်များတွင် သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများနှင့် လိုင်စင်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို (၃၁.၇.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အဖွဲ့နှင့် ပူးပေါင်း၍ မြို့ပေါ်ဆေးဆိုင်များဖြစ်သော ကြခက်ရပ်ကွက်ရှိ မြသွန်းနဒီဆေးဆိုင်၊ မင်းရပ်ရပ်ကွက်ရှိ ရွှေစိန်ဆေးနှင့်စတိုးဆိုင်နှင့် ဝန်လိုရပ်ကွက်ရှိ အောင်တံခွန်ဆေးဆိုင်စသည့် ဆေးဆိုင်(၃)ဆိုင်တို့အားလည်းကောင်း၊ ဥသျှစ်ပင်မြို့ပေါ်ရှိ ပြုံးရတနာဆေးဆိုင်၊  ဆေးနန်းတော်ဆေးဆိုင်၊ လပြည့်ဝန်းဆေးဆိုင်နှင့် အာယုဆေးဆိုင်တို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။ ထိုဆိုင်များသို့ ဝင်ရောက်စစ်ဆေးရာတွင် သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများနှင့် လိုင်စင်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးပြီး စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)