Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေးဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း( ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၃၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အသေးစားကုန်ထုတ်လုပ်ငန်းများကိုဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းတို့အတွက်း သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသား/သူ (၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်ဝတ္တရားများကိုလည်း‌ကောင်း၊ မိမိတို့သည် သင်တန်းတက်ရောက်ပြီးနောက် နောင်တစ်ချိန်တွင် စားသုံးသူများအဖြစ်မှ လုပ်ငန်းရှင်များအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်လာကြမည်ဆိုပါက လုပ်ငန်းရှင်များသိသင့်သိထိုက်သည့် လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုသိရှိနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) အရ လုပ်ငန်းရှင်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်အတူ ပုဒ်မ ၄၂ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မဖြစ်မနေ မြန်မာလိုဖော်ပြပေးရန်နှင့် မြန်မာဘာသာနှင့်တွဲလျက်ဖြစ်စေ သိသာထင်ရှားအောင် ဆောင်ရွက်လုပ်ကိုင်သွားကြပါရန် အကျယ်တဝင့်အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)