ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးဆေးနှင့်ဓာတ်မြေသြဇာ သွင်းအားစု အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ခရိုင်မြို့နယ်ရုံးများမှ ဝန်ထမ်းများ မိတ်ဖက်ပူးပေါင်း အဖွဲ့ဖြစ်သော စိုက်ပျိုးရေးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သက်ဆိုင်ရာဌာနများ၏ တရားဝင် စာရွက်စာတမ်းအထောက်အထားများနှင့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ဓာတ်မြေသြဇာများ ရောင်းချနေခြင်း ရှိ/မရှိကို ၃၁.၇.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ပြီး ယခင်ကလည်း ယခုလို ခရိုင်အတွင်းမြို့နယ်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကာ၊ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် အကယ်၍ တရားဝင်စာရွက်စာတမ်းနှင့် ကုန်အညွှန်းမပြည့်စုံသော ကုန်ပစ္စည်းများ ရောင်းချပါက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)