Main menu

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ၇/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃၁) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဦးစီးမှူးရုံး အစည်းအဝေးခမ်းမ၌ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၇/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပြီး  ၊ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဌက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဦးစားပေးကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊  ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများနှင့် စားသုံးသူပြည်သူတွေအနေနဲ့လည်း ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရေး ကော်မတီ အဖွဲ့ဝင်များအနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ တင်ပြဆွေးနွေးချက်အပေါ်  ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြုံပြုခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး စားသုံးသူရေးရာကော်မတီ  ဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့် အဖွဲဝင် (၅) ဦး၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ( ၈ ) ဦးတက်ရောက်ခဲ့ပြီး Zoom Virtual ဖြင့် ခရိုင်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)