စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဓာတ်မြေသြဇာ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ပြည်သူများအနေဖြင့် ကုန်စည်များဝယ်ယူရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရန်၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည် ။
DOCA(ပဲခူး)