Main menu

ကြို့ပင်ကောက်မြို့ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊  ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်အေးအေးမော်နှင့် ဒု-ကြီးကြပ်ရေးမှူး ဦးကျော်မျိုးထွန်းတို့သည် (၂၈.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်ပြည်လမ်းရှိ လမင်းစန္ဒာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန် အကြောင်းအရာများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ‌ဆောင်ရွက်ပေးနေမှု အခြေအနေများ ၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား လေ့လာ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)