ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ (၂၆.၇.၂၀၂၃) ရက်နေ့ ၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ Royal Pine Hill ဟိုတယ်၌ ပဲခူးတိုင်းဒေသကြီးအနောက် ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ Exporter များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပြုပြင်ရမည့် လုပ်ငန်းများကို ဆွေးနွေး၍ “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးနဲ့ကြိုးပမ်းစို့” ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးရဲမင်းအောင်မှလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ မှလည်းကောင်း၊ ဆန်စပါးအသင်းချုပ်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်မှလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊ ဆန်ကုန်သည်များအသင်းဥက္ကဌ ဦးကျော်ကိုဆန်းမှလည်းကောင်း၊ ဆန်စက်ပိုင်ရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှလည်းကောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးကြပြီး လိုအပ်သည်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်မှ ပြန်လည် ရှင်းလင်းဖြေကြားမှု ပြုလုပ်ခဲ့ကာ အစည်းအဝေးကို နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)