Main menu

အုတ်ဖိုမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်တွင်းပြည်ပမှတင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ (၂၆.၇.၂၀၂၃) ရက်နေ့တွင် အုတ်ဖို မြို့ရှိ မြို့မဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ခဲ့ကြပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း  CCPMB ကုမ္ပဏီမှထုတ်လုပ်သော Sprite အချိုရည်နှင့် ပုံစံတူ တရားမဝင် အချိုရည်များ ရောင်းချခြင်း ရှိ/မရှိ  စစ်ဆေးလျက် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ရှိမှု၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)