ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက (၈၈၇၉) ရှိရာ ထွက်ရှိလာသော အစေ့ထုတ်ပြောင်းများအား ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ခြင်း၊ တောင်သူများမှ လည်း ကုန်သည်ကြီးများထံတွင်အပ်နှံပြီး မိမိတို့လိုအပ်သောအချိန်နှင့် ပြောင်းဈေးကောင်းရရှိသည့်အချိန်တို့တွင် ပြန်လည်ရောင်းချလျက်ရှိရာ ယခုအခါတွင် ပြောင်းတစ်တင်းဈေးနှုန်းမှာ ပိဿာ(၂၀)လျှင် (၂၃၀၀၀) ကျပ် ဈေးရရှိနေပါသည်။
မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများမှလည်း ဝယ်ယူထားသော အစေ့ထုတ်ပြောင်းများကို ရန်ကုန်မြို့ရှိ အစာစပ်စက်ရုံများသို့ တင်ပို့ရောင်းချခြင်း၊ မိုးညိုမြို့ပွဲရုံများမှ မြဝတီနယ်စပ်အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ အစေ့ထုတ်ပြောင်းလက်ကျန်အနေဖြင့် ပြောင်းအိတ်(၅၀၀၀၀) ခန့် ကုန်သည်ကြီးများထံတွင် ကျန်ရှိနေပါကြောင်း အစေ့ထုတ်ပြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)