Main menu

လက်ပံတန်းမြို့တွင် တားမြစ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ထားသည့် ဆေးဝါးများအား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ၂၇.၇.၂၀၂၃ ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ စည်ပင်သာယာရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်

     ထိုသို့ စစ်ဆေးရာတွင်  တရားမဝင်ဆေးဝါးများအား ရောင်းချမှုနှင့် လက်ဝယ်ထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိခြင်း ၊ သယ်ယူပို့ဆောင်ခြင်း ၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ကြရန်နှင့် နောင်တွင်လည်း အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စစ်ဆေးတွေ့ရှိပါကထိ‌ရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)