Main menu

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် ဝန်ထမ်းမိတ်ဆုံစားပွဲပြုလုပ်

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးခင်မောင် မောင်အုန်းအား စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဂုဏ်ပြု နှုတ်ဆက်ခြင်း နှင့် ဝန်ထမ်းစုပေါင်းမိတ်ဆုံ စားပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၄-၈-၂၀၂၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

       အခမ်းအနားတွင်စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှတ်တရဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး လက်ဆောင် ပစ္စည်းပေးအပ်ခဲ့၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကရင်ပြည်နယ်ဦးစီးမှူးဦးခင်မောင်မောင် အုန်း က ကျေးဇူးတင်စကားနှင့် အမှတ်တရစကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးဦးသန်းဦးက ဂုဏ်ပြုနေ့လယ်စာ ဖြင့် ဧည့်ခံခဲ့ပြီး ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများသက်သာ ချောင်ချိရေး၊ အထက်အောက်အပြန်အလှန်ချစ်ကြည်ရင်းနှီး၍ လုပ်ငန်းခွင်ပျော်ရွှင်စေရေး ရည်ရွယ် ၍ မိတ်ဆုံစားပွဲအား လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယခုလဩဂုတ်လ ပထမအပတ်တွင် ပြုလုပ်သော  မိတ်ဆုံစားပွဲ တွင်  ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နေ့လယ်စာအဖြစ် ဝက်သား အာလူးဟင်း၊ ဘဲဥချဉ်ရည်ဟင်း၊ ကြောင်လျှာသီးသုပ်၊  ချဉ်ပေါင်ရွက်ဟင်းချို၊ ငရုတ်သီး ဆားထောင်း၊ သခွားသီး၊ဥသျှစ်ညွန့်၊ ဂေါ်ဘီ၊ မုန်လာဥနီ၊ စသည့်အတို့အမြှုပ်၊ ငါးပိရည်တို့ကို ချက်ပြုတ် ကျွေးမွေးခဲ့ဧည့်ခံခဲ့ကြောင်းသိရသည်။

DOCA(ကရင်)