Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌ဇူလိုင်လအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင်လည်းကောင်း၊ မုံရွာမြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးဝမြို့၊ မြို့နယ်ထွေ/အုပ်ရုံးတွင်လည်းကောင်း၊ ကလေးမြို့၊ ခရိုင်လျှပ်စစ်ရုံးတွင်လည်းကောင်း၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးမှ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံရှိ စက်ရုံဝန်ထမ်းများအားလည်းကောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ရန်နိုင်အထက်တန်းကျောင်းတွင်  လည်းကောင်း၊ စစ်ကိုင်းမြို့၊ သမတက္ကသိုလ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းမှ ကျင်းပ ပြုလုပ် သည့် မုန့်မျိုးစုံထုပ်လုပ်မှုသင်တန်းတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ အ.ထ.က(၂)တွင်လည်းကောင်း၊ ချောင်းဦးမြို့၊ မြို့နယ်ပြန်/ဆက်ရုံးတွင် “Talk Show” အစီအစဉ် ပြုလုပ်၍လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ “သိင်္ဂီ”ဆန်စက်တွင် စက်ရုံ အလုပ် သမားများအားလည်းကောင်း၊ ရွှေဘိုမြို့၊ “BT”ဆန်စက်တွင် စက်ရုံအလုပ်သမားများအားလည်း ကောင်း စုစုပေါင်း (၁၂)ကြိမ် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိ ပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

        လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တဝန်ခံရုံးမှ (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ (၂)ကြိမ်၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ် စုစုပေါင်း (၂၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေး လုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)