ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခု ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် သံတွဲမြို့ ငပလီအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ထို့နောက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်ပြည့်စုံ (အငယ်တန်းစာရေး)မှ အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ သေချာစွာလေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံစွဲသင့်ကြောင်း အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ရခိုင်)