စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၄.၈.၂၀၂၃ ရက်နေ့၊ဝိုင်းမော်မြို့၊အ.မ.ကအင်းလေးကျေးရွာ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာဖတ်ရှု့၍ သတင်းအချက်အလက်ပြည့်စုံသော မိမိလိုအပ်ချက်နှင့်ကိုက်ညီ၍ စိတ်ကျေနပ်မှုရရှိသည့်ကုန်စည်ကိုသာ ဝယ်ယူကြရန် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၃)ဦးနှင့် ကျောင်းသူ/ကျောင်းသား(၅၃)ဦး တက်ရောက်ခဲ့ပါသည်။
DOCA (ကချင်)