စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် (၆.၈.၂၀၂၃)ရက် တနင်္ဂနွေနေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဇာသပြင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင် နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမှ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ဘဲမွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမျှသာ ဒေသတွင်းစားနပ်ရိက္ခာ၊အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ တစ်နိုင် တစ်ပိုင် မွေးမြူရေးမှ အသင်းအဖွဲ့များအထိ တိုးချဲ့ဆောင်ရွက်နိုင်မှသာ ဒေသတွင်းစားသုံးပိုလျှံလာပြီး သွင်းကုန်အစားထိုးပြုလုပ်နိုင်ရန်နှင့် ပြည်ပသို့တင်ပို့နိုင်အောင် ဆောင်ရွက်ဖို့လိုကြောင်းနှင့် လုပ်ငန်းရှင်များဘက်မှလည်း အခက်အခဲရှိပါက အချိန်မရွေးတင်ပြနိုင်ပြီး မိမိတို့ဌာနဘက်မှလည်း လုပ်ငန်းရှင်၏လိုအပ်ချက်ကိုဆက်စပ် ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်ဦးနိုင်ဝင်းအောင် မှလည်း လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းလည်ပတ်ပုံ ၊ တွက်ခြေကိုက်မှု ၊ အားသာချက်အားနည်းချက် ၊ အရှုံး/အမြတ်များနှင့် တွေ့ကြုံရသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပြည်နယ်အတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လာသည့်နှင့်အမျှ ဒေသဝမ်းစာဖူလုံပြီး ပြည်သူများ၏ နေ့စဉ်စားသောက်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
DOCA (ကရင်)