စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ မြို့မစျေးအတွင်းသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတစ်မျိုးမျိုးတွင် ပါဝင်နေသဖြင့် ၎င်းအစားအစာများမှတဆင့် လုံခြုံစိတ်ချရမှုမရှိသော ဆီများကြောင့် ကျန်းမာရေးဖြစ်ပေါ်နိုင်မှုများခြင်း၊ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခု ဖြစ်စေနိုင်ရန်နှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်ကိုသာ ဝယ်ယူရရှိစေရန်ရည်ရွယ်၍ကြောင့် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ပါသည်။
မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောဆိုင် (၄၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင် ဘူး (Packing) ဖြင့် ရောင်းချသော Goody ၊ Louts ၊ Family ၊ DD၊ Diamond၊ Good Choice၊ Meizan ၊ Sunar၊ Me Too ၊ Duck နှင့် Brinto ကုန်အမှတ်တံဆိပ်ပါ ဆီများကို ရောင်းချနေသည်ကို တွေ့ရှိရပြီး၊ အဆိုပါ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရာတွင် ဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားသုံးဆီရောင်းချနေသော အရောင်းဆိုင်ရှင်များအနေဖြင့် ဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)