စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ (Talk Show) တွင် မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာမှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ဦးရဲမြင့်ဆန်း၊ ဒု-ကြီးကြပ်ရေးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင် ပါဝင်သော စကားရပ်များ၏အဓိပ္ပါယ်များ၊ ဥပဒေ၏မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ စားသုံးသူများမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Websit www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မန္တလေး)