စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများအဖွဲ့တို့သည် (၂.၈.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၄)ဆိုင်ကို သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေး ဖြင့် အမှန်တကယ်ရောင်းချမှု ရှိ/မရှိနှင့် အချင်အတွယ် မှန်ကန်မှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ်စက်သုံးဆီ ရောင်းချလျက်ရှိသော ယောင်းမစွန်၊ ရွှေဗျိုင်းဖြူ၊ သီဟ နှင့် TAL ဆီဆိုင်များသို့ သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချ ရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ် ရောင်းချနေသော ဈေးနှုန်းများကိုလည်း ဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများ တင်သွင်းရောင်းချခြင်း မပြုစေရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)