စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးတို့၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် (၆.၈.၂၀၂၃) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းမှ ခေတ်မှီစံပြကျေးရွာထူထောင်နိုင်ရေး (Smart Village) စီမံကိန်း၏အကြောင်းနှင့် (Smart Village) စီမံကိန်း၏ လုပ်ငန်းလမ်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် မိဘပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူများရရှိမည့် အခွင့်အရေး(၈)ချက်အား သိရှိစေရန် ဥပမာများဖြင့် ဆွေးနွေးဟောပြောခဲ့ပြီးနောက် စားသုံးသူများတွင် အခွင့်အရေးသာလျှင် ရှိတာမဟုတ်ပဲ တာဝန်များလည်း ရှိနေသေးကြောင်း၊ စားသုံးသူများသည် အခွင့်အရေး ကိုသိမှသာလျှင် တောင်းဆိုနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုသို့အခွင့်အရေး မသိခဲ့မှုများကြောင့် အချို့သော လုပ်ငန်းရှင်များ၏ လိမ်လည်လှည့်ဖြားမှုကို ခံနေရပါကြောင်း၊ တစ်ဖက်မှာ စားသုံးသူဖြစ်သလို တစ်ဖက်မှာလည်း ကုန်စည်နှင့် ဝန်ဆောင်မှုကို နေ့စဉ်ဝယ်ယူသုံးစွဲနေရပါသဖြင့် တစ်ဖက်မှာ စားသုံးသူဖြစ်နိုင်သလို တစ်ဖက်မှာလည်း လုပ်ငန်းရှင်ဖြစ်နေနိုင်သောကြောင့် စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်းသာမက လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)အား အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။
၎င်းနောက် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကလည်း စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းပေးရေးစင်တာ (CICC)တွင် လူကိုယ်တိုင်ဖြစ်စေ၊ Onlineအသုံးပြု၍ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင်လည်းကောင်း၊ Consumer Call Center (1535)ကို ဆက်သွယ်ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးခဲ့ပြီး မိဘပြည်သူ (၁၃၀)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။
DOCA(မကွေး)