စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည်(၅.၈.၂၀၂၃)ရက်နေ့ နံနက်(၀၈:00) နာရီအချိန် တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ နိုင်ငံစီပွားမြင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းဝင် ကျေးရွာများသို့ ကွင်းဆင်း၍ ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များထံသို့ အချိန်မီစီမံကိန်းဝင်တောင်သူများထံမှ စပါးများ ဝယ်ယူရရှိစေရေးအတွက် အဖွဲ့ဝင်များနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းတွင် ပွင့်ဖြူမြို့နယ်အနေဖြင့် ကျေးရွာအုပ်စုပေါင်း(၂၀)တွင် ဧကတစ်သောင်း စာချုပ်ချုပ်ဆိုခဲ့ရာ ယခုအချိန်တွင် နွေစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေကြပြီဖြစ်ပါသည်။ နွေစပါးစီမံကိန်းတွင် ပွင့်ဖြူမြို့နယ်အနေဖြင့် မျိုးစပါးများဖြစ်သော ရတနာတိုး၊ ဆာဖိုးသာ၊ GW-11 ၊ ပခန်းရွှေဝါ၊ ဆင်းသုခ စသည်ဖြင့် အမျိုးမျိုး စိုက်ပျိုးကြရာ တောင်သူအများစုမှာ ရတနာတိုးစပါးများကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ရတနာတိုးစပါးများမှာ တစ်ဧကပျှမ်းမျှ တင်း(၁၀၀)မှ (၁၂၀)အထိထွက်ရှိပါသည်။ ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဝယ်ယူကြိတ်ခွဲရေးအဖွဲ့သို့ စီမံကိန်းဝင်ဧကများမှ စပါးများအချိန်မီရောက်ရှိစေရေးအတွက် နိုင်ငံစီပွားမြှင့်တင်ရေး နွေစပါးစီမံကိန်းအဖွဲ့ဝင် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား ကျေးရွာအလိုက် တာဝန်ခွဲဝေသတ်မှတ်ပေးခဲ့ရာ ပွင့်ဖြူ မြို့နယ်တာဝန်ခံအနေဖြင့် မိမိတာဝန်ကျရာ ကံသာကြီးကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စုများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍အဆင်ပြေစွာ ဝယ်ယူရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပွင့်ဖြူမြို့နယ် နွေစပါးစီမံကိန်းအောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် မိမိ ဌာနမှ ကြီးကြပ်ရန်တာဝန်ကျသည့် ကံသာကြီးကျေးရွာအုပ်စုတွင် စီမံကိန်းဝင်ဧက (၁၅၃)ဧကနှင့် ရွာသစ် ကျေးရွာအုပ်စုတွင် စီမံကိန်းဝင်ဧက (၂၀၀)ဧကရှိခဲ့ပြီး ယနေ့အချိန်ထိ သွင်းအားစုဖိုးကို ဧကဝယ်ယူ ကြိတ်ခွဲသူထံ ပေးသွင်းပြီးဧကများမှာ ကံသာကြီးကျေးရွာအုပ်စုတွင် (၁၄၄.၅)ဧကနှင့် ရွာသစ်ကျေးရွာ အုပ်စုတွင် (၁၁၇)ဧကရှိပြီဖြစ်ပါကြောင်းနှင့် တစ်မြို့နယ်လုံး မြို့နယ်ချုပ်အနေဖြင့် စီမံကိန်းဝင်ဧက (၁၀၀၀၀)တွင် ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များထံသို့ ပေးသွင်းပြီးဧကမှာ(၅၄၀၀)ဧက ရှိပြီဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(မကွေး)