8.8.2023 ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ သတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/2019) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်မှ အသင့်သောက်အချိုရည်များကို အဓိကထားစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ Capital အတွင်းရှိ အချိုရည် အမျိုးမျိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ(41)ရှိ (ခ) နှင့် (ဆ)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
DOCA (ရန်ကုန်)