Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday talk ဆွေးနွေးပွဲနှင့် စာပေစကားဝိုင်း အခမ်းအနား ကျင်းပ

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများအနေဖြင့် “ပြည်တွင်း ကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံဖြိုးတိုးတက်စေရန်”ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်မား၍ ဌာန၏လုပ်ငန်းများအား ကျွမ်းကျင်ရုံသာမက ပြင်ပဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍ Thursday Talk ဆွေးနွေးပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ( ၂ ) ပတ်လျှင် (၁)ကြိမ် ကျင်းပ‌ဆောင်ရွက်လျက်ရှိပါသည်။

       (၁၀.၈.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ Thursday Talk ဆွေးနွေးပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဒု-တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြား‌ရေးမှူး ဦးဝေဖြိုးထက်က ဆန်စက်နှင့် သိုလှောင်ရုံများအား တရုတ်နိုင်ငံ GACCSPS Protocol နှင့်အညီ စစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးကို Power point များဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး မုံရွာ မြို့နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာ‌ရေး ဒေါ်ထက်ထက်ဝင်းက စာရေးဆရာမ မိုးမိုး (အင်းလျား) ၏ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ အငယ်တန်းစာ‌ရေး ဦးနိုင်မျိုးထွန်းက စာရေးဆရာဖေမြင့်၏ နှလုံးသာအာဟာရ ရသစာပေ (တတိယတွဲ) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍  ဒုတိယညွှန်ကြား‌ရေးမှူး ဦးဝေဖြိုးထက်က စာပေအကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ ဝန်ထမ်း (   ၄၅  ) ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၁၆း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)