Main menu

ကော့ကရိတ်မြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

Powered by Drupal

   ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့  ပူးပေါင်း၍ ၁၀.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူများကို ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများကိုလည်းကောင်း ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်း ရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများ နှင့်ပတ်သက်၍ တိုင်ကြားမှုများကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် လိုက်နာရမည့်အချက်များကိုလည်းကောင်း စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍  တိုင်ကြားနိုင်သည့် နည်းလမ်း များကိုလည်းကောင်း အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူရာတွင် စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင် စနစ်လုပ်ငန်းများစသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)