(၁၀-၈-၂၀၂၃)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပြည်တွင်းမှ ထွက်ရှိသော သစ်သီးဝလံများနှင့် စားဖိုဆောင်သီးနှံများ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကဦးဆောင်ကျင်းပ၍ သစ်သီးဝလံများပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး Online မှ Virtual စနစ်ဖြင့် တက်ရောက်သော စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ တာဝန်ခံများက မိမိတို့ဒေသအတွင်းမှ ထွက်ရှိသော ပြည်ပပို့ကုန်သစ်သီးဝလံများနှင့် ပတ်သက်၍ အသီသီးဆွေးနွေး တင်ပြခဲ့ကြပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို နေ့လယ်(၁၆:၁၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနခွဲတာဝန်ခံ၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)