Main menu

ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော Sprite® အချိုရည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိူင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၀-၈-၂၀၂၃)ရက်နေ့ ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်သံတွဲမြို့ပေါ်ရှိ အချိုရည်များရောင်းချသည့် ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော Sprite® အချိုရည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ၎င်း Sprite®  အချိုရည်များသည် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော်လည်း ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ် အချိုရည်နှင့် ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့် ဖော်ပြထားခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထောက်ခံချက်မပါရှိသော Sprite® အချိုရည်များ ရောင်းချနေကြောင်း သိရှိရသဖြင့် အဆိုပါ အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များတွင် ၎င်းအချိုရည်များ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်။

     အချိုရည်များရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်များ၊ FDA ထောက်ခံချက်မရှိသော အချိုရည်များ ရောင်းချ ခြင်းမပြုရန်၊ အတုအပသတိပြု မှာယူရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာလိုက်နာဆောင်ရွက် ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)