Main menu

မကွေးမြို့နယ်ရှိ အလယ်ဘိုကျေးရွာအုပ်စု ကျေးရွာများမှ တောင်သူများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို လစဉ်လျာထားချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီ စိုက်စရိတ်ချေးငွေလာရောက် ထုတ်ယူသော အလယ်ဘိုကျေးရွာအုပ်စု (အလယ်ဘို၊ အင်ပင်ကန်၊ လက်ပံရွာသစ်၊ ကံဆွယ်၊ ဖလံတောနှင့် သာကုန်းစမ်း) ကျေးရွာများမှ တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံ နည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားသော Consumer Call No. 1535 တို့အား ကျေးလတ် ဒေသနေ တောင်သူများ သိရှိနိုင်အောင် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲတွင် မကွေးမြို့၊ အလယ်ဘိုကျေးရွာအုပ်စု (အလယ်ဘို၊ အင်ပင်ကန်၊ လက်ပံရွာသစ်၊ ကံဆွယ်၊ ဖလံတောနှင့် သာကုန်းစမ်း) ကျေးရွာများမှ တောင်သူ(၂၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး ဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ပါသည်။

DOCA(မကွေး)