Main menu

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့ရန် မှတ်ပုံတင်ခွင့်ရရှိရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group ) ညှိနှိုင်းအစည်းအဝေး

Powered by Drupal

     တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်များနှင့် သိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေးခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် နည်း ပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) အစည်းအဝေးကို ၁၅-၈-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ Technical Working Group အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

       အဆိုပါအစည်းအဝေးတွင် Technical Working Group အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) နှင့် မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဆန်အပါအဝင်ဆန်ကွဲပါ တရားဝင် တင်ပို့နိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါသဘောတူစာချုပ်အရ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ GACC သို့ တင်ပို့နိုင်ရေး အတွက် စိတ်ပါဝင်စားမှုအဆိုပြုလွှာလျှောက်ထားလာသည့် ကုမ္ပဏီ (၁၄၄) ခုရှိပါကြောင်း၊ ၎င်း ကုမ္ပဏီများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဩဂုတ်လကုန်တွင် အပြီးသတ်စစ်ဆေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးစဉ် သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် ကုမ္ပဏီများအား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ရက်တစ်ခု ပေးပြီး ထပ်မံကွင်းဆင်းစိစစ်ရမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ဩဂုတ် လ ၁၄ ရက်နေ့အထိ ကုမ္ပဏီ ၁၀၅ ခု၏ ဆန်စက် (၉၈) ခုနှင့် Transit သိုလှောင်ရုံ (၂၉) ခုကို ကွင်းဆင်းစစ်ဆေးပြီး ဖြစ်သည်ဟု သိရှိရပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ကွင်းဆင်း စစ်ဆေးမှုခံယူပြီးသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလို ကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံ သို့  ဆန်နှင့် ဆန်ကွဲတင်ပို့ရန် မှတ်ပုံတင်ခွင့်ရရှိရေး စိတ်ပါဝင်စားမှု အဆိုပြုလွှာလျှောက်ထားလာသည့် ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေးမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တက်‌ရောက်လာကြသည့် Technical Working Group အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ITQM)