Main menu

မကွေးမြို့ပေါ်ရှိ မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းများသို့ Mobile Lab ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

    (၈.၈.၂၀၂၃)ရက်နေ့ နံနက် (၀၇:၃၀)မှ (၁၁:၄၅)နာရီအထိ မကွေးမြို့ပေါ်ရှိ (စံပြ/ ကောင်းမြတ်/ ဒေါ်ဝင်း/ မင်းသီဟ/ သီဟဇော်/ သိန်းသီတာ/ ကောင်းဆန်း/ မင်းမင်းအောင်/ စိန်ဝင်းထွန်း) စသည့် မုန့်ဟင်းခါး ခေါက်ဆွဲလုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီး မှူး ဦးမျိုးဝင်းနှင့် ဒေါ်ခိုင်ခိုင်ထွေးတို့သည် မကွေးတိုင်းဒေသကြီး အစားသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး သုံးစွဲရန်မသင့် တားမြစ်ထားသော ချွတ်ဆေးနှင့် တာရှည်ခံဆေးများ သုံးစွဲမှုမရှိစေရေး အသိပေးဆွေးနွေးခြင်း၊ လုပ်ငန်းများမှ ကုန်ပစ္စည်းနမူနာဝယ်ယူပြီး Mobile Labဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     မုန့်ဟင်းခါးဖို(၉)ခုအနက် မုန့်ဟင်းခါးဖို(၇)ခုမှာ လက်ကို အသုံးပြု၍ထုတ်လုပ်ကြောင်း၊ လုပ်သား ဦးရေ(၃)ဦးမှ (၄)ဦးဖြင့် မိသားစုလုပ်အားဖြင့်သာ လုပ်ကိုင်ကြပြီး တစ်နေ့လျှင် မုန့်အချိန် (၅၀-၁၀၀) ခန့် ထုတ်လုပ်ကြောင်း၊ မုန့်ဟင်းခါး တစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဖြင့် ရောင်းချကြောင်းနှင့် သီဟဇော်နှင့် မင်းမင်းအောင် မုန့်ဟင်းခါးဖိုများမှာ စက်ဖြင့်ထုတ်လုပ်ကြပြီး တစ်နေ့လျှင် မုန့်ဟင်းခါး အချိန်(၃၀၀-၅၀၀) ထိ ထုတ်လုပ်နိုင်ကြောင်း၊ စက်ဖြင့်ထုတ်လုပ်သော မုန့်ဟင်းခါး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)နှင့် ခေါက်ဆွဲ တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)ရောင်းချကြောင်း စက်ဖိုတွင် လုပ်သား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၄)ဦးရှိပြီး အမျိုးသားတစ်ဦး တစ်နေ့လုပ်သားခ ကျပ်(၁၁၀၀၀)၊ အမျိုးသမီးတစ်ဦး တစ်နေ့ လုပ်သားခ ကျပ်(၇၀၀၀)ပေးချေရကြောင်း၊ ယခင်က မုန့်ဟင်းခါးတစ်ပိဿာလျှင် ကျပ် (၁၅၀၀)နှင့် ခေါက်ဆွဲတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ ကုန်ကြမ်း ပစ္စည်း (ဆန်၊ ဂျုံ) များ စျေးတက်လာခြင်းကြောင့် စျေးအနည်းငယ်တက်လာရခြင်းဖြစ်ကြောင်းနှင့် မုန့်ဖိုအနီးတဝိုက်ရှိ လုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)