စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဌာနခွဲတွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသော ဒု-ဦးစီးမှူး ဒေါ်မွန်မွန်သက်သည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၀.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ စည်ပင်ဈေးအတွင်းရှိ မုန့်ဆိုင်(၅)ဆိုင်ကို သွားရောက်စစ်ဆေးခဲ့ရာ Max၊ CocaCola၊ Shark၊ Milo၊ ဒီဒီ(နို့ဒိန်ချဉ်)၊ D-Pop အချိုရည် အမှတ်တံဆိပ်ပါ အသင့်သောက် အချိုရည်ဗူးများမှာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းရောင်းချခြင်းနှင့် စည်ပင်ဈေးအပြင်ဘက် မုန့်ဆိုင်(၅)ဆိုင်အား ထပ်မံစစ်ဆေးခဲ့ရာ Speed၊ Vito(ချောကလက်)၊ Royal-D၊ Yoshi၊ Asia အသင့်သောက်အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြပြီး ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ဒေသတွင်း ထုတ်လုပ်သော လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်ပစ္စည်းများ၌ အရွယ်အစား၊ အမျိုးအစားအလိုက် အသင့်သောက်အချိုရည်များ ရောင်းချရာတွင် ကုန်အညွှန်အမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော အချိုရည်များသာ ရောင်းချရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးခဲ့ပါသည်။
ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကိုလည်း ၂/၂၀၁၉ ညွှန်ကြား ချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) တွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ပုဒ်မ(၄)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ထပ်မံစစ်ဆေးမှုပြုလုပ်လျှင် ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချကြောင်းတွေ့ရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ပါသည်။
DOCA(မကွေး)